
CO-CREATE
Customer များသည် လုပ်ငန်းစဉ် အစမှ အဆုံးအထိ အဓိက အချက်အချာကျသောနေရာတွင် ပါဝင်သည် ဟု ကျွန်ုပ်တို့ Sokorro Group မှ ယုံကြည်ထားပါသည်။
ကျွန်ုပ်တို့၏ Creative Studio ၌၊ ပုံမှန် Value Chain Process များကို ကျော်လွန်၍ လက်ရှိကာလ အခြေအနေများအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော အရာများကို customer များစိတ်ကြိုက် ဖန်တီးပေးနိုင်ပါသည်။


CO-CREATE
Customer များသည် လုပ်ငန်းစဉ် အစမှ အဆုံးအထိ အဓိက အချက်အချာကျသောနေရာတွင် ပါဝင်သည် ဟု ကျွန်ုပ်တို့ Sokorro Group မှ ယုံကြည်ထားပါသည်။
ကျွန်ုပ်တို့၏ Creative Studio ၌၊ ပုံမှန် Value Chain Process များကို ကျော်လွန်၍ လက်ရှိကာလ အခြေအနေများအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော အရာများကို customer များစိတ်ကြိုက် ဖန်တီးပေးနိုင်ပါသည်။
Campaign Management
ကမ္ဘာတစ်ဝှမ်း၌ အချိန်စက္ကန့်တိုင်း Marketing နှင့် ad campaign မျိုးစုံ ဖြစ်ပေါ်လျက်ရှိနေချိန်မှာ သင်က သင့်လုပ်ငန်းရဲ့ media channel တွေကို အပြည့်အဝ အာရုံ မစိုက်ဘူးဆိုလျှင်၊ ဒါဟာ သေချာပေါက် သင့်လုပ်ငန်းအတွက် အခွင့်အရေးကောင်းများကို လက်လွှတ်ဆုံးရှုံးရစေနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ Campaign Management မှာဆိုရင်တော့ သင့်လုပ်ငန်း၏ အဓိက objective ကို ပြည့်မှီနိုင်မည့် နည်းဗျုဟာများကို ဖန်တီးပေးပြီး ထို နည်းလမ်းများကို အသုံးချ၍ ထွက်ပေါ်လာသော ရလဒ်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ၊ ဒီထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များထွက်ပေါ်လာစေရန် ကူညီအကြံပေး၊ ဆွေးနွေးခြင်းတို့ အထိ ပါဝင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့မှ သင့်လုပ်ငန်းများရဲ့ Campaign Management နှင့်ပတ်သတ်၍ မည်သို့ ကူညီနိုင်ကြောင်း သိရှိနိုင်ရန် ယခုပင် ဆက်သွယ်၊ စုံစမ်း၊ မေးမြန်းနိုင်ပါတယ်။
Identity Design & Branding
Paula Scher ရဲ့ ဆိုစကားများမှ identity ဆိုတာအများနှင့်မတူ ကွဲပြားရမည့်အပြင် ထပ်ခါထပ်ခါလုပ်ကိုင်နေရမည့် အရာဖြစ်ပြီး prodct သို့မဟုတ် service တစ်ခုခုကို ကိုယ်စားပြုရန်လည်း လိုအပ်ပါသေးပါတယ်။
Brand တစ်ခုရဲ့ identity ဟာဆိုရင် logo, website, vehicle graphics, business cards, uniforms တို့လဲပါဝင်သလို sound branding, tone of voice, packaging, art direction, mannerisms သာမက အခြားအရာ များစွာလည်း ပါဝင်နိုင်ပါတယ်။
ကောင်းမွန်တဲ့ identity တစ်ခုရရှိစေနိုင်ရန်အတွက် design က ရှုတ်ရှက်ခက်နေစရာမလိုသလို အားကောင်းတဲ့ identity အတွက်ကလည်း အမှန်တကယ် လိုအပ်သော အရာများကိုသာ ထည့်သွင်းဖော်ပြခြင်းက လုံလောက်ပါတယ်။
လူတိုင်းက ကြည့်လိုက်တာနဲ့ အလွယ်တကူမှတ်မိစေနိုင်ပြီး အလွန် အံ့သြ မှင်သက်ဖွယ်ကောင်းတဲ့ brand identity တစ်ခုကို ကျွန်တော်တို့မှ မည်သို့ ကူညီဖန်တီးသည်ကို သိရှိနိုင်ရန် ယခုပဲ ဆက်သွယ်လိုက်ပါ။
App & Web Design
App/Web design တွေက website/mobile app တွေကို ကြည့်ကောင်းစေရုံသာမက user တွေရဲ့ စိတ်ကူးအာရုံ ကို လွှမ်းမိုး၊ ဖမ်းစား နိုင်ဖို့ကို လည်းကူညီပေးနိုင်ပါတယ်။
ကျွန်တော်တို့က design ဖန်တီးရာတွင် အခြေခံသဘောတရားတွေကိုသာမက လူတွေရဲ့ စိတ်ခံစားမှု အပိုင်းကိုပါ အဓိကအားဖြင့် ထည့်သွင်း စဥ်းစားလေ့ရှိပါတယ်။ ထို့အပြင် ကျွန်တော်တို့က နည်းပညာပိုင်းအားနည်းသော customer များကိုလည်း web-standard တွေကို သေချာ ရှင်းပြပြီး guideline ပေး လုပ်ဆောင်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
Project အသေးစိတ် အချက်အလက်များကို စတင်သတ်မှတ်ချိန်မှ စ၍၊ website/app ကို စတင်သည်အထိ ကျွန်တော်တို့၏ အတွေ့အကြုံပြည့်ဝသော technician တွေ ၊designer တွေ နှင့် strategic partner တွေမှ အကောင်းဆုံးတာဝန်ယူကူညီပေးနိုင်ပါတယ်။
Packaging & Print DESIGN
Marketing မှာဆိုရင် brand တစ်ခုအတွက် logo က မရှိမဖြစ် မရေးပါသောနေရာမှာ ပါဝင်သကဲ့သို့ product အကြောင်းအကောင်းဆုံး ဖော်ပြပေးနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ packaging design များကလည်း customer တွေအပေါ်မှာ ကောင်းကောင်း အကျိုးသက်ရောက်မှု ရှိပါတယ်။
“စာအုပ်တစ်အုပ်ကို ၎င်း၏အဖုံးဖြင့် မဆုံးဖြတ်ပါနှင့်” ဆိုတဲ့ ဆိုရိုးစကားမျိုးရှိပင်မဲ့ ယခုလို အချိန်နှင့်တပြေးညီ ပြောင်းလဲနေတဲ့ ခေတ် ကြီးမှာတော့ product တစ်ခုအတွက်လည်း ၎င်းရဲ့ package design နှင့် customer တွေရဲ့ အာရုံ ကိုဖမ်းစားနိုင်ဖို့ကလည်း အရေးပါလာပါတယ်။
တချို့သော design error များအတွက် သာမန်ရိုးရိုး ပြင်ဆင်မှုများကတောင် သင့်ထုတ်ကုန်ကို မည်မျှအကျိုးဖြစ်ထွန်းစေသည်ကို ပိုမိုသိရှိလိုပါသလား။
ဒါဆို ကျွန်တော်တို့ရဲ့ အဆန်းသစ်ဆုံးသော design များကို ဖန်တီးပေးနေတဲ့ product developers, UX writers နှင့် graphic technicians တို့ကို ယခုပင် ဆက်သွယ် လိုက်ပါ။